Wednesday, March 19, 2014
Tuesday, January 21, 2014
======ရပ်ပြစ်ရှစ်ပါး=======
======ရပ်ပြစ်ရှစ်ပါး=======
ယင်းအရပ်ဌာနများ၌ ဖြစ်လာသူများသည် မြတ်စွာဘုရားရှင်၏ ဒေသနာတောင်ကို နာကြားခွင့် မ၇ခြင်း၊ နာကြားရသော်လည်း အနက်အဓိပ္ပာယ်ကို သိနိုင်စွမ်း မ၇ှိခြင်းကြောင့် ရပ်ပြစ်ရှစ်ပါး ဟုခေါ်သည်။၎င်းတို့မှာ-
၁။ ငရဲ
၂။ တိရ စ္ဆာန်
၃။ ပြိတ္တာ
၎။ လွန်စွာ အသက်တမ်း၇ှည်သော အရူပဗြဟ္မာနှင့် အသညာသတ်ဗြဟ္မာ၊ (
အရူပဗြဟ္မာ=ရုပ်မရှိ၊နာမ်တရားသက်သက်သာရှိသည်။
အသညာသတ်ဗြဟ္မာ=နာမ်တရားမရှိ၊ ရုပ်သက်သက်သာ၇ှိသည်။)
၅။ ပစ္စ န္တရစ်အရပ်သား=တိုင်းစွန်ပြည်ဖျား လမ်းပန်းအဆက်အသွယ်ခက်ခဲ၍ ၆။ဝေါဟာရ မပြည့်စုံ မကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်။
၇။ မိစ္ဆာဒိဌိ=မှားယွင်းသော အယူဝါဒရှိသော အမျိုးအနွယ်
၈။ ဒုပ္ပည=အသိညာဏ်လူစဉ်မမီသူ
သာသနာပ ကာလ

အနှိုင်းမဲ့ဗုဒ္ဓ
====သမ္ဗုဒ္ဓေ ဘုရားရှိဂါထာတော် ပါဠိနှင့် အနက်====

အဋ္ဌ၀ီသံ ။ ။ သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိတ်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊
သမ္ဗုဒ္ဓေ စ ။ ။ တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊
ဒွါဒသဉ္စ သဟဿကေ ။ ။ နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊
သမ္ဗုဒ္ဓေစ ။ ။ လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊
ပဉ္စသတ သဟဿာနိ ။ ။ သောင်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊
သမ္ဗုဒ္ဓေစ ။ ။ နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း၊
အဟံ ။ ။ အကျွန်ုပ်သည်၊
သိ၇သာ ။ ။ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊
နမာမိ ။ ။ ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏။
ဂင်္ဂါ-ဂင်္ဂါယ ။ ။ ဂင်္ဂါမြစ်အတွင်း၌၊
ဝါဠုကာ ။ ။ ရှိကြကုန်သော သဲတို့သည်၊
အပ္ပကာ ။ ။ နည်းကြကုန်သေး၏၊
နိဗ္ဗုတာ။ ။ ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊
ဇိနာ ။ ။ နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင် အပေါင်းတို့ကား၊
အနန္တာ ။ ။ သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။
တေ ဇိနေ စ ။ ။ ထိုဘုရားရှင်တို့ကိုလည်းကောင်း၊
တေသံ ။ ။ ထိုငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေတွက်နိုင်သော ဘုရားရှင်တို့၏၊
ဓမ္မဉ္စ ။ ။ တရားတော်မြတ်တို့ကိုလည်းကောင်း၊
သံဃဉ္စ ။ ။ တပည့်သား သံဃာတော်မြတ်တို့ကို လည်းကောင်း၊
အဟံ ။ ။ အကျွန်ုပ်သည်၊
အာဒရေန- အာဒရံ ။ ။ရိုသေစွာ၊
နမာမိ ။ ။ ရှိခိုးပါ၏။
နမက္ကာရာ နုဘာဝေန။ ။ ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့်၊
သဗ္ဗေ ။ ။ ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ ။ ။ ဘေးရန်တို့ကို၊
ဟိတွာ ။ ။ ပယ်ဖျောက်၍၊
အနေကာအန္တရာယာပိ ။ ။ တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊
အသေသတော ။ ။ အကြွင်းအကျန် မရှိသောအားဖြင့်၊
ဝိနဿန္တု ။ ။ ပျောက်ပျက်ပါစေကုန်သတည်း။ ။

Sunday, January 19, 2014
အို သည့် တိုင်အောင် ၊ နာသည့်တိုင်အောင်၊ သေသည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သဒ္ဓါ ” ပါပဲ။

သဒ္ဓါ ဆိုတာက စိတ်ကိုကြည်လင် စေပါတယ်။ ဘာကြောင့် စိတ်မှာ သဒ္ဓါ ဖြစ်စေသလဲ ဆိုရင် ကံ၊ ကံ၏ အကျိုးနဲ့ ဘုရား၊ တရား၊ သံဃာ၊ သာသနာတော်ရဲ့ ကျေးဇူးကို ယုံကြည်ပြီး စိတ်ထဲမှာ ကြည်လင် လာလို့ပါ။ သဒ္ဓါဟာ၊ စိတ်ကို ကောင်းစွာ ကြည်စေတတ်တဲ့ သတ္တိ အထူး ရှိပါတယ်၊ သဒ္ဓါ စိတ်ကြောင့်၊ သဒ္ဓါကောင်းဖြစ်ရင်၊ သဒ္ဓါကောင်းစွာရရင်
၁။ ကိလေသာ အကြမ်းစားတွေကို အနည်ထိုင် သွားစေပါတယ်။

၂။ စိတ်ပေါ်မှာ လွမ်းအုပ်နေတဲ့ အညစ်အကြေးတွေ ကွာသွားစေပါတယ်။
၃။ ပူလောင်နေတဲ့ စိတ်နှလုံးသားတွေဟာ အေးချမ်း သွားစေပါတယ် လို့ ဆိုထားပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းဟာ သဒ္ဓါ တရားကို ဖြစ်ပွားစေတဲ့ အကောင်းဆုံး ဗုဒ္ဓနုဿတိ ဘာဝနာ ဖြစ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်ချက် မရှိရင် လောကမှာ အကျင့် သီလ ကောင်းသော်လည်း၊ ဘ၀ သံသရာမှာ အခက်အခဲ တွေ အများကြီး တွေ.နိုင်ပါတယ်။ မျက်မှောက် ဘ၀မှာ ခဏ၊ ခဏ စိတ်ညစ် ရတတ်ပါတယ်။ ယုံကြည်ချက် မရှိလျှင် ဘ၀သံ သရာ ကို မကူးခတ်နိုင်ပါဘူး။ ဒါကြောင့်အို သည့်တိုင်အောင်၊ နာသည့်တိုင်အောင် ၊ သေသည့် တိုင်အောင် ကောင်း တာ သဒ္ဓါလို့ မိန့်ကြားတော် မူခဲ့ပါတယ်။
အနှိုင်းမဲ့ဗုဒ္ဓ
Subscribe to:
Posts (Atom)