Tuesday, January 21, 2014

====သမ္ဗုဒ္ဓေ ဘုရားရှိဂါထာတော် ပါဠိနှင့် အနက်====

Photo: ====သမ္ဗုဒ္ဓေ ဘုရားရှိဂါထာတော် ပါဠိနှင့် အနက်====

အဋ္ဌ၀ီသံ ။    ။ သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိတ်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ 

သမ္ဗုဒ္ဓေ စ ။    ။ တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊

ဒွါဒသဉ္စ သဟဿကေ ။    ။ နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊ 

သမ္ဗုဒ္ဓေစ ။    ။ လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊

ပဉ္စသတ သဟဿာနိ ။    ။ သောင်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊

သမ္ဗုဒ္ဓေစ ။    ။ နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း၊

အဟံ ။    ။ အကျွန်ုပ်သည်၊

သိ၇သာ ။    ။ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊

နမာမိ ။    ။ ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏။

ဂင်္ဂါ-ဂင်္ဂါယ ။    ။  ဂင်္ဂါမြစ်အတွင်း၌၊

ဝါဠုကာ ။    ။ ရှိကြကုန်သော သဲတို့သည်၊

အပ္ပကာ ။    ။ နည်းကြကုန်သေး၏၊

နိဗ္ဗုတာ။    ။ ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ 

ဇိနာ ။    ။ နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင် အပေါင်းတို့ကား၊

အနန္တာ ။    ။ သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။

တေ ဇိနေ စ ။    ။ ထိုဘုရားရှင်တို့ကိုလည်းကောင်း၊

တေသံ ။    ။ ထိုငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေတွက်နိုင်သော ဘုရားရှင်တို့၏၊

ဓမ္မဉ္စ ။    ။ တရားတော်မြတ်တို့ကိုလည်းကောင်း၊

သံဃဉ္စ ။    ။ တပည့်သား သံဃာတော်မြတ်တို့ကို လည်းကောင်း၊

အဟံ ။    ။ အကျွန်ုပ်သည်၊

အာဒရေန- အာဒရံ ။    ။ရိုသေစွာ၊

နမာမိ ။    ။ ရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန။    ။ ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့်၊

သဗ္ဗေ ။    ။ ခပ်သိမ်းကုန်သော၊ 

ဥပဒ္ဒဝေ ။    ။ ဘေးရန်တို့ကို၊

ဟိတွာ ။    ။ ပယ်ဖျောက်၍၊

အနေကာအန္တရာယာပိ ။    ။ တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊ 

အသေသတော ။    ။ အကြွင်းအကျန် မရှိသောအားဖြင့်၊

ဝိနဿန္တု ။    ။ ပျောက်ပျက်ပါစေကုန်သတည်း။    ။

အနှိုင်းမဲ့ဗုဒ္ဓ

No comments:

Post a Comment