Wednesday, March 19, 2014

ကလေးကောင်းမှ လူကြီးကောင်းမယ် လူကြီးကောင်းမှ နိုင်ငံကောင်းမယ်

******ကလေးကောင်းမှ လူကြီးကောင်းမယ် လူကြီးကောင်းမှ နိုင်ငံကောင်းမယ်******


ဗုဒ္ဓဘာသာနိုင်ငံကောင်းလာအောင် ကိုယ့်အရပ်
ကိုယ့်နေရာ ကိုယ့်ရွာက လူကြီးတွေ မကောင်းလို့
မကောင်းဘူးဆိုတာ ယုံကြည်ချက် သဒ္ဓါတရားမရှိကြတာ
ကိုယ့်ကျင့်တရားတွေ မပြည့်စုံလို့
သီလတရားတွေ မလုံခြုံ မစောင့်ထိန်းလို့
စိတ်ထားတွေမကောင်းကြလို့ မနာလို ဝန်တိုမူတွေများနေလို့
အသုံးမကြတဲ့ လူကြီးတွေ ဖြစ်လာမှာစိုးလို့
ဒီကနေ့ နေပြည်တော် ရေဆင်းရွှေကျောင်း မိုကုတ် ရိပ်သာ ပဋိစ္စသမုပ္ပါဒ်အခြေခံ၍
ယဉ်ကျေးတယ်ဆိုတာ စာဖြေ၍စစ် ကလေးများ သက်သေပြနေပါပြီ
လူကြီးတွေဖြစ်လာရင် ဘာသာတရားကိုမယုံကြည်
ကိုယ်ကျင့်တရားကမရှိ လူကြီးနေရာမှာ ဥက္ကဋ္ဌ
အတွင်းရေးမှုး ငွေကိုင် စာရင်းစစ် ဘုရားထက်ကြီးတဲ့လူကြီးလုပ်
တရားကိုဗန်းပြ သံဃာကို ရန်သူလိုသဘောထား
ဆရာကြီးလုပ်ခြင်တဲ့ အရည်အချင်းမရှိတဲ့ လူကြီးတွေ ဖြစ်လာမှာစိုးလို့
ကိုယ့်နေရာ ကိုယ့်အရပ် ကိုယ့်ရွာမှာ အဖြစ်မခံနိုင်လို့
ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်တာ ။


အောင်ရင် နေပြည်တော် ဘုရားပို့မယ်
ဆုပေးမယ် ........ ။ 

                                                                              အရှင်သြဘာသ
                                                                                               နေပြည်တော် ။
 
 
 
 




 
 

နေပြည်တော် ရေဆင်းရွာ ရွှေကျောင်း မိုးကုတ်ရိပ်သာ အတွင်း ပဋိစ္စသမုပ္ပါဒ်အခြေခံ၍ ယဉ်ကျေးလိမ္မာ သင်တန်း ( ၃ )တန်း စာမေးပွဲ ဖြေဆိုနေကြစဉ်

နေပြည်တော် ရေဆင်းရွာ ရွှေကျောင်း မိုးကုတ်ရိပ်သာ အတွင်း ပဋိစ္စသမုပ္ပါဒ်အခြေခံ၍ ယဉ်ကျေးလိမ္မာ သင်တန်း
( ၃ )တန်း စာမေးပွဲ ဖြေဆိုနေကြစဉ်
19-3-2014 နေ့ 12 နာရီခွဲမှ စ၍ ဖြေဆို
-----------
အရှင် သြဘာသ's photo.
အရှင် သြဘာသ's photo.
အရှင် သြဘာသ's photo.

အရှင် သြဘာသ's photo.

ပုဂ္ဂိုလ်ထူးကိုရှာတာထက် တရားထူးကိုရှာတာ အကောင်းဆုံးပါ

ထူးဆန်းဖြစ်စဉ် တစ်ခုပါ သိသိခြင်း သတင်းထူးလေးပေါ့ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရွာ 
 
ဦးရွှေညို + ဒေါ်ခင်မြင့် တို့၏ အိမ်မှာ ကိုးကွယ်လျက်ရှိသော

ရှင်ဥပဂုတ္တ မထေရ်မြတ် ပုံတော်ကို ကိုးကွယ်ခဲ့တာ

 
ကြာပါပြီ ကိုးကွယ်လျက်ရှိသော ရုပ်ပွားတော်

၁၃၇၅ -ခုနှစ် တပေါင်းလပြည့် ရေသတ်ပါယ်ရာ

ထူးရှာဖြစ်စဉ် မရှိသေးပါ တပေါင်းလ္ဆုတ်( ၁ )ရက်

ရောက်တော့ ရေသတ်ပါယ်ရာ ဦးခေါင်းမှ ဆံတော်

(ဆံပင်) များထွက်ပေါ်နေတာ ဖူးမျော်ရ၍ လူများ

အသိမပေးသေးပဲ စောင့်ကြည့်နေခိုက် ဒီကနေ့

လ္ဆုတ်(၂)ရက်နေ့ ဆံတော်များမှာ ထူးရှားလား၍

ရွာထဲရှိလူများ သိရှိသွား ဖူးမျော်ကြသူများ မနည်းပါ ။


နေပြည်တော် ရှိ သူငယ်ချင်းများ တရားထူးထက်

ပုဂ္ဂိုလ်ထူးကို ဖူးမျော်ချင်သပါ့ဆိုရင် ရေဆင်းရွာ

နယ်မြေ( ၂ ) ဦးရွှေညို+ဒေါ်ခင်မြင့် နေအိမ်သို့

လာရောက်လေ့လာနိုင်ပါသည် ။


စာရေးသူ လက်ရှိ ရွှေကျောင်း မိုးကုတ်ရိပ်သာ

ပဋိစ္စသမုပ္ပါဒ် အခြေခံ၍ ယဉ်ကျေးလိမ္မာ

သင်တန်းတွင် ရှိနေခိုက် သူငယ်ချင်းများမှ

ဓာတ်ပုံရိုက်ပြီး လာပေး၍ တင်ပြလိုက်ပါသည်။
 
 
အရှင် သြဘာသ's photo.
အရှင် သြဘာသ's photo.
အရှင် သြဘာသ's photo.
အရှင် သြဘာသ's photo.
အရှင် သြဘာသ's photo.

ပ ကောင်းမှ တ ကောင်းမယ်

ဒီနေ့တိုင်းကို ကောင်းအောင်လုပ်ပါ
မနေ့ကတိုင်းကောင်းသလို့
မနက်ဖန်တိုင်းလဲ ကောင်းပါလိမ့်မယ်
 

***** နှလုံးသားမှာ ပုံရိပ်ထင် *****

Photo: *****  နှလုံးသားမှာ  ပုံရိပ်ထင်  *****

တို့များအမေ
သေရွာသို့လား ၊ စွန့်ပစ်ထားခဲ့
တရားဓမ္မ ၊ မဆုံးမတော့ 
လုံးဝ မျက်ကွယ်ပြုသွားပြီ ။
အမေလေ့လာ ၊ တရားစာလည်း
အိမ်မှာချန်ထားရစ်ခဲ့ပြီ ။
အမေမွေးထား ၊ ချစ်တဲ့သားလည်း
ခွဲထားချန်ရစ်ခဲ့ပြီ ။
အမေ့အချစ် ၊ မြေအနှစ်လည်း
စွန့်ပစ်ခွဲခွါ သွားခဲ့ပြီ ။
အမေသိပ်ချစ် ၊ ယွန်းကွမ်းအစ်လည်း
ချန်ရစ်အိမ်မှာထားခဲ့ပြီ ။
အမေအားထုတ် ၊ တရားလုပ်စဉ်
ဥပုသ်စောင့်ရာ ၊ အမြဲပါသည့်
လည်မှာသီကုံး ၊ ပုတီးလုံးလည်း
လုံးဝချန်ထားခဲ့ရပြီ ။
အမေ့ထံပါး စကားဆူညံ
ရှိုက်ငိုသံတို့ လွင့်ပျံထစ်ချုန်း
နောက်ဆုံးဦးချ ၊ ဝတ်ပြုကြလည်း
အမေ့နှုတ်ဖျား ၊ စကားမဆို
မျက်ဝန်းညိုတို့ ၊ ငိုချင်းမပြု
ဤအမှု၌ သာဓုမခေါ်ခဲ့တော့ပါ ။
အော်---အမေ့ခန္ဓာ  မရှိပါလည်း
အိမ်မှာချန်ထား ၊ ပုံရိပ်များကား
လှုပ်ရှားသမျှ ၊ အမေ့ဘဝကို
နှလုံးသားမှာ စွဲနေတကား ။ ။

        မောင်ဗဟိန်း {အင်းတော် }

  ကုသိုလ်  အဖြစ်   အရှင်သြဘာသ***** နှလုံးသားမှာ ပုံရိပ်ထင် *****

တို့များအမေ
သေရွာသို့လား ၊ စွန့်ပစ်ထားခဲ့
တရားဓမ္မ ၊ မဆုံးမတော့
လုံးဝ မျက်ကွယ်ပြုသွားပြီ ။
အမေလေ့လာ ၊ တရားစာလည်း
အိမ်မှာချန်ထားရစ်ခဲ့ပြီ ။
အမေမွေးထား ၊ ချစ်တဲ့သားလည်း
ခွဲထားချန်ရစ်ခဲ့ပြီ ။
အမေ့အချစ် ၊ မြေအနှစ်လည်း
စွန့်ပစ်ခွဲခွါ သွားခဲ့ပြီ ။
အမေသိပ်ချစ် ၊ ယွန်းကွမ်းအစ်လည်း
ချန်ရစ်အိမ်မှာထားခဲ့ပြီ ။
အမေအားထုတ် ၊ တရားလုပ်စဉ်
ဥပုသ်စောင့်ရာ ၊ အမြဲပါသည့်
လည်မှာသီကုံး ၊ ပုတီးလုံးလည်း
လုံးဝချန်ထားခဲ့ရပြီ ။
အမေ့ထံပါး စကားဆူညံ
ရှိုက်ငိုသံတို့ လွင့်ပျံထစ်ချုန်း
နောက်ဆုံးဦးချ ၊ ဝတ်ပြုကြလည်း
အမေ့နှုတ်ဖျား ၊ စကားမဆို
မျက်ဝန်းညိုတို့ ၊ ငိုချင်းမပြု
ဤအမှု၌ သာဓုမခေါ်ခဲ့တော့ပါ ။
အော်---အမေ့ခန္ဓာ မရှိပါလည်း
အိမ်မှာချန်ထား ၊ ပုံရိပ်များကား
လှုပ်ရှားသမျှ ၊ အမေ့ဘဝကို
နှလုံးသားမှာ စွဲနေတကား ။ ။
မောင်ဗဟိန်း {အင်းတော် }

ကုသိုလ် အဖြစ် အရှင်သြဘာသ

တရားဟော ဓမကထိက အရှင်သြဘာသ၏ ဆုံးမ စကား

Photo: မကောင်းတာကို
လုပ်မည့်အစား
မလုပ်ပဲ နေတာက
ကောင်းတယ် ။

အပြစ်ဆိုတာ
မကောင်းဘူး
ကောင်းချင်ရင်
အပြစ်မလုပ်နဲ့

       ဒါပဲ   ။

အရှင်သြဘာသ
မကောင်းတာကို
လုပ်မည့်အစား
မလုပ်ပဲ နေတာက
ကောင်းတယ် ။

အပြစ်ဆိုတာ

မကောင်းဘူး
ကောင်းချင်ရင်

အပြစ်မလုပ်နဲ့


အရှင်သြဘာသ
နေပြည်တော်

 

အောင်မင်္ဂလာသိဒ္ဒိ ရေဆင်း ရွှေကျောင်းတော်မှ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကြီး