Wednesday, March 19, 2014

***** နှလုံးသားမှာ ပုံရိပ်ထင် *****

Photo: *****  နှလုံးသားမှာ  ပုံရိပ်ထင်  *****

တို့များအမေ
သေရွာသို့လား ၊ စွန့်ပစ်ထားခဲ့
တရားဓမ္မ ၊ မဆုံးမတော့ 
လုံးဝ မျက်ကွယ်ပြုသွားပြီ ။
အမေလေ့လာ ၊ တရားစာလည်း
အိမ်မှာချန်ထားရစ်ခဲ့ပြီ ။
အမေမွေးထား ၊ ချစ်တဲ့သားလည်း
ခွဲထားချန်ရစ်ခဲ့ပြီ ။
အမေ့အချစ် ၊ မြေအနှစ်လည်း
စွန့်ပစ်ခွဲခွါ သွားခဲ့ပြီ ။
အမေသိပ်ချစ် ၊ ယွန်းကွမ်းအစ်လည်း
ချန်ရစ်အိမ်မှာထားခဲ့ပြီ ။
အမေအားထုတ် ၊ တရားလုပ်စဉ်
ဥပုသ်စောင့်ရာ ၊ အမြဲပါသည့်
လည်မှာသီကုံး ၊ ပုတီးလုံးလည်း
လုံးဝချန်ထားခဲ့ရပြီ ။
အမေ့ထံပါး စကားဆူညံ
ရှိုက်ငိုသံတို့ လွင့်ပျံထစ်ချုန်း
နောက်ဆုံးဦးချ ၊ ဝတ်ပြုကြလည်း
အမေ့နှုတ်ဖျား ၊ စကားမဆို
မျက်ဝန်းညိုတို့ ၊ ငိုချင်းမပြု
ဤအမှု၌ သာဓုမခေါ်ခဲ့တော့ပါ ။
အော်---အမေ့ခန္ဓာ  မရှိပါလည်း
အိမ်မှာချန်ထား ၊ ပုံရိပ်များကား
လှုပ်ရှားသမျှ ၊ အမေ့ဘဝကို
နှလုံးသားမှာ စွဲနေတကား ။ ။

        မောင်ဗဟိန်း {အင်းတော် }

  ကုသိုလ်  အဖြစ်   အရှင်သြဘာသ***** နှလုံးသားမှာ ပုံရိပ်ထင် *****

တို့များအမေ
သေရွာသို့လား ၊ စွန့်ပစ်ထားခဲ့
တရားဓမ္မ ၊ မဆုံးမတော့
လုံးဝ မျက်ကွယ်ပြုသွားပြီ ။
အမေလေ့လာ ၊ တရားစာလည်း
အိမ်မှာချန်ထားရစ်ခဲ့ပြီ ။
အမေမွေးထား ၊ ချစ်တဲ့သားလည်း
ခွဲထားချန်ရစ်ခဲ့ပြီ ။
အမေ့အချစ် ၊ မြေအနှစ်လည်း
စွန့်ပစ်ခွဲခွါ သွားခဲ့ပြီ ။
အမေသိပ်ချစ် ၊ ယွန်းကွမ်းအစ်လည်း
ချန်ရစ်အိမ်မှာထားခဲ့ပြီ ။
အမေအားထုတ် ၊ တရားလုပ်စဉ်
ဥပုသ်စောင့်ရာ ၊ အမြဲပါသည့်
လည်မှာသီကုံး ၊ ပုတီးလုံးလည်း
လုံးဝချန်ထားခဲ့ရပြီ ။
အမေ့ထံပါး စကားဆူညံ
ရှိုက်ငိုသံတို့ လွင့်ပျံထစ်ချုန်း
နောက်ဆုံးဦးချ ၊ ဝတ်ပြုကြလည်း
အမေ့နှုတ်ဖျား ၊ စကားမဆို
မျက်ဝန်းညိုတို့ ၊ ငိုချင်းမပြု
ဤအမှု၌ သာဓုမခေါ်ခဲ့တော့ပါ ။
အော်---အမေ့ခန္ဓာ မရှိပါလည်း
အိမ်မှာချန်ထား ၊ ပုံရိပ်များကား
လှုပ်ရှားသမျှ ၊ အမေ့ဘဝကို
နှလုံးသားမှာ စွဲနေတကား ။ ။
မောင်ဗဟိန်း {အင်းတော် }

ကုသိုလ် အဖြစ် အရှင်သြဘာသ

No comments:

Post a Comment